သခင်ယေရှုနောက်သို့လိုက်ရန် ထိုက်တန်ပါသည်
ခရစ်ယာန်မဟုတ်သော ဘာသာရေးကိုင်းရှိုင်းသည့်မိသားစုမှ Ronit (ရွန်းနစ်) မွေးဖွားကြီးပြင်းလာခဲ့သည်။ ဝိညာဉ်ရေးရာကိစ္စရပ်များ ဆွေးနွေးကြသည့်အခါ ပျော်ရွှင်မှုမရှိဘဲ ပညာရှင်ဆန်သည်။ “ကျွန်မ ဆုတောင်းစာတွေအကုန် တောက်လျှောက် ရွတ်နေခဲ့ပေမယ့် (ဘုရားသခင်ထံက) အဖြေမရခဲ့ဘူး” ဟု သူမက ဆိုသည်။
သူမသည် သမ္မာကျမ်းစာကို စတင်လေ့လာခဲ့သည်။ ဖြည်းဖြည်းနှင့် မှန်မှန်ဖြင့် သူမသည် သခင်ယေရှုအား ကယ်တင်ရှင်အဖြစ် ယုံကြည်လာခဲ့သည်။ ဆုံးဖြတ်ချက်ချဖြစ်သွားသည့် အခိုက်အတန့်ကို ရွန်းနစ် ပြန်ပြောင်းသတိရလျက် “ ‘မင်း ကြားသိသင့်တာကို အလုံအလောက် ကြားခဲ့ပြီးပြီ၊ မြင်သင့်တာ မြင်ခဲ့ပြီးပြီ၊ အခုက ယုံကြည်လိုက်ဖို့အချိန်ပဲ’ လို့ ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့ အသံတစ်ခုကို ကျွန်မနှလုံးသားက ကြားခဲ့ရတယ်” ဟု ပြောပြသည်။ သို့သော် ပြဿနာတစ်ခုမှာ သူမ၏ဖခင်ဖြစ်သည်။ “ကျွန်မအဖေရဲ့ တုံ့ပြန်မှုက အီတလီက ဗက်ဆူးဗီးယက် (Vesuvius) မီးတောင် ပေါက်ကွဲသလိုမျိုးပဲ” ဟု သူမက…
သခင်ယေရှု၌ အတူတကွရင့်ကျက်လာခြင်း
နိုဝင်ဘာလခေါင်းစဥ် | တပည့်တော်ဖြစ်စေခြင်း
သခင်ယေရှုကို ယုံကြည်သူလူသစ်တစ်ဉီးက “ကျွန်မကို တပည့်တော်ဖြစ်အောင် လေ့ကျင့်ပေးမလား” ဟု Barb (ဘာ့ပ်) အား မေးခဲ့သည်။ ဘာ့ပ် က မည်သို့ လုပ်ဆောင်ရမည်ကို သေချာမသိပါ။ အတူတူ လေ့လာသင့်လား။ သို့ဆိုလျှင်…